Local News

ကုလားပဲ(V2) ကိုစိုက်ပျိုးရန် မျိုးပဲအဖြစ်ဝယ်ယူမှုများနေ

Last Updated:

နိုဝင်ဘာလတတိယပတ်အတွင်း မန္တလေးကုန်စည်ဒိုင်တွင် ကုလားပဲ(V2)ကိုပြန်လည်စိုက်ပျိုးရန်အတွက်မျိုးပဲများ အရောင်းသွက်နေပြီး ကျန်ပဲများကိုပဲခွဲစက်များမှ ဝယ်ယူနေကြောင်း မန္တလေး ကုန်စည်ဒိုင်သတင်းများအရသိရသည်။ကုလားပဲ (V2) သုံးတင်းတစ်အိတ်လျှင် ယခင်တစ်ပတ်ထက် ကျပ်၁၀၀၀မှ ၈၀၀၀ ထိဈေးမြင့်လာသည်။

ကုလားပဲဖြူလုံးကြီး(V-2) ၅၇.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ်၁၉၈၀၀၀၊ ယခင်တစ်ပတ်ကျပ် ၁၉၆၀၀၀မှ ၁၉၇၀၀၀၊ ယခင်လကျပ်၁ ၉၀၀၀၀မှ ၁၉၁၀၀၀ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၁၀၀၀မှ ၂၀၀၀မြင့်တက်လာပြီး၊ ယခင်လထက်ကျပ် ၇၀၀၀မှ ၈၀၀၀မြင့်တက်လာသည်။

ကုလားပဲ (ထိုင်ဝမ်) ၅၆.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၁၇၃၀၀၀မှ ၁၇၅၀၀၀၊ ယခင် တစ်ပတ်ကျပ်၁၇၅၀၀၀မှ၁၇၃၀၀၀၊ ယခင်လကျပ်၁၇၅၀၀၀မှ၁၇၃၀၀၀ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်၊ယခင်လအတိုင်း ဈေးငြိမ်နေသည်။

ကုလားပဲ(929) ၅၆.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၁၈၀၀၀၀မှ ၁၈၁၀၀၀၊ ယခင်တစ်ပတ် ကျပ် ၁၈၀၀၀၀မှ ၁၈၁၀၀၀၊ ယခင်လကျပ် ၁၈၁၀၀၀မှ ၁၈၂၀၀၀ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၁၀၀၀ နိမ့်ကျလာပြီး၊ ယခင်လထက်ကျပ် ၁၀၀၀ မှ၂၀၀၀မြင့်တက်လာသည်။

ကုလားပဲဖြူလုံးကြီး (V-7) ၅၇.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၁၉၈၀၀၀မှ ၂၀၀၀၀၀၊ ယခင်တစ်ပတ်ကျပ်၁၉၅၀၀၀မှ ၂၀၀၀၀၀၊ ယခင်လကျပ်၁၉၅၀၀၀မှ ၁၉၈၀၀၀ဖြစ်ခဲ့သည်။  ယခင်တစ်ပတ်ထက်ကျပ် ၃၀၀၀၊ ယခင်လထက်ကျပ် ၂၀၀၀ မှ ၃၀၀၀ မြင့်တက်လာသည်။

ရတနာပုံကုန်သွယ်မှုဗဟိုဌာန

Category: Local News